News Flash Home
The original item was published from 6/28/2023 3:30:57 PM to 9/2/2023 12:00:03 AM.

News Flash

General News

Posted on: June 28, 2023

[ARCHIVED] Burmese: City paint program returns at no cost for neighbors

Paint splotches on brick façade with city paint program title in Burmese

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်

ချက်ချင်းထုတ်ပြန်ချက်
 
ထပ်မံစုံစမ်းသိရှိလိုက ဆက်သွယ်ရန် - စံသတ်မှတ်မှု မန်နေဂျာ ဂျေဆင် ဖရန်စစ်စကို ၂၆၉-၉၆၆-၃၃၁၁ 

မြို့တော် ဆေးသုတ်ခြင်း ပရိုဂရမ်ကို

 Springfield Do-it Centere နှင့် ပူးတွဲ၍ ပြန်လည်စတင်ပါပြီ 

ဘက်တဲလ်ခရိမြို့တော်၊ မီရှီဂန် ဤနွေရာသီတွင် အိမ်အပြင်ဘက်ဆေးသုတ်ရန် summer to-do list တွင် ပရောဂျက်ပြုလုပ်ဖို့ရှိပါသလား? မြို့တော်မှ ကူညီနိုင်ပါသည်  ကုန်ကျစရိတ်-အခမဲ့ အိမ်သုတ်ဆေး ပရိုဂရမ် ပြန်လာပါပြီ!

ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်လိုက်နာမှု ဌာနခွဲသည် Springfield Do-it Center နှင့် ၀မ်းသာစွာလက်တွဲ၍ မြို့တော် အိမ်ပိုင်ဆိုင်သူများအတွက် မိမိတို့၏ အိမ်အပြင်ဘက်ဆိုင်ရာ ပရောဂျက်များ ပြီးမြောက်နိုင်ရန် - ရွေးချယ်စရာ အရောင် ၆ ရောင် - ရှိသည့် အိမ်သုတ်ဆေးများ ၁၀ ဂါလံအထိ ပေးကမ်းနိုင်မည် ဖြစ်ပါသည်။ ၀င်ငွေပြရမည့် လိုအပ်ချက် မရှိပါ။  

ပရိုဂရမ်သည် ညွှန်ကြားချက်များနှင့် ကိုက်ညီသော ရပ်ရွာအိမ်နီးချင်းများအတွက် ဦးရာလူစနစ်ဖြင့် ရယူနိုင်ကြပါသည်။ မိမိတို့မှ အိမ်သုတ်ဆေးထောက်ပံ့ပါမည်၊ လက်ခံရရှိသူမှ ကျန်ရှိသည့် အစိတ်အပိုင်းများနှင့် ကုန်ကျစရိတ်တို့ ကျခံရပါမည်။ မြို့တော်မှ ဆေးသုတ်မည့် ၀န်ဆောင်မှုများ ပေးမည်မဟုတ်ပါ။ 

လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • ဘက်တဲလ်ခရိမြို့တော်အတွင်း အိမ်ပိုင်ဆိုင်ပြီး ကိုယ်တိုင် နေထိုင်သူ ဖြစ်ရပါမည်
  • ပရိုဂရမ်လျှောက်လွှာကို ပြီးမြောက်အောင် ဖြည့်စွက်ပါ  အင်တာနက်စာမျက်နှာ battlecreekmi.gov/code  Paint Program အောက်တွင် ၀င်ရောက်ကြည့်ရှု၍ ဖြစ်စေ မြို့တော်ခန်းမ အခန်း ၁၁၇ ၌ မနက် ၈ နာရီ - ညနေ ၅ နာရီ၊ တင်္နလာနေ့မှ သောကြာနေ့ အတွင်း လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ ရယူနိုင်ပါသည်
  • ပရိုဂရမ်တွင် တစ်စိတ်တစ်ပိုင်းပါ၀င်မည့် မိမိဆေးသုတ်မည့် ဧရိယာများ၏ ဓာတ်ပုံများ ပေးပို့ရပါမည်  – အိမ်အပြင်ဘက် ပရောဂျက်သီးသန့်
  • ပရောဂျက်ပြီးဆုံးလျှင် စံသတ်မှတ်ချက်၀န်ထမ်း ဖုန်း ၂၆၉-၉၆၆-၃၃၁၁ သို့ ခေါ်ဆိုကာ လုပ်ဆောင်မှုအား စစ်ဆေးရန် ရက်ချိန်းပြုလုပ်ပါ

သင်၏လျှောက်လွှာအား ခွင့်ပြုချက်ကျလျှင် Springfield Do-it Center 1583 W. Dickman Road သို့သွားရောက်၍ အိမ်သုတ်ဆေး လာယူရန် ဘောင်ချာထုတ်ပေးပါမည်။ ရွေးချယ်နိုင်သည့် အရောင် ၆ ရောင်ရှိပြီး တစ်ရောင်ရွေးရပါမည်– Façade, Simply White, Zinc, Sea Hazel, Sandalwood, သို့မဟုတ် Titanium (ပူးတွဲပါရှိသည့် ပုံတွင်ကြည့်ပါ).

ဘောင်ချာထုတ်ပေးပြီး ရက်ပေါင်း ၆၀ အတွင်း သင်၏ အိမ်သုတ်ဆေး ပရောဂျက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရပါမည်။

 

 

Burmese paint program application
Facebook Twitter Email

Other News in General News